Thursday, October 24, 2013

တောင်ငူမြို့မှသမိုင်းဝင်ကောင်းမှုတော်ဘုရားဖူးတစ်ခေါက်



ကျွန်တော်တို့တောင်ငူ MCC  Computer သင်တန်းမှ ကျောင်းသား ကျောင်းသူများသည်တောင်ငူမြို့ရှိ သမိုင်းဝင် ဆုတောင်းပြည့်ကောင်းမှုတော်  ဘုရားကြီးသို့ သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ထိုသို့ဖူးမြော်ရင်းဘုရားကြီးသသမိုင်းအားသိရှိလိုသဖြင့် ဂေါပကအဖွဲ့မှလူကြီးဦးတင်ဝင်းအားသွားရောက်မေးမြန်းလေ့လာခဲ့ပါတယ်။
ဦးတင်ဝင်းက”ကောင်းမှုတော်ဘုရားကြီးကိုသက္ကရာဇ် ၁၉၁၂ ခုနှစ် ခရစ်နှစ် ၁၅၅၀ တွင်ဘုရင့်နောင်မင်းတရားကြီး နှင့် အတုလသီရိမဟာရာဇဒေ၀ီ မိဖုရားကြီး တို့မှပထမဆုံးစတင်တည်ထားကိုးကွယ်ခဲ့တယ်”။
နောက်”ဒုတိယအကြိမ်အဖြစ်ဘုရင့်နောင်၏တူတော်ရွှေနန်းတည်မင်းတရားနှင့်မိဖုရားတို့မှခရစ်နှစ် ၁၆၀၂ ခုနှစ်တွင်ဥာဏ်တော် ငါးတောင်နှစ်မိုက်မြှင့်ပြီးတော့ပြန်လည်မွမ်းမံခဲ့သေးတယ်ကွဲ့”။



မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် ခရစ်နှစ် ၁၈၈၅ မှာဗြိတိသျှတို့သိမ်းပိုက်ခဲ့လို့ဘုရားကြီးဟာယိုယွင်းပျက်စီးပြီးတောခြုံများဖုံးလွှမ်းနေခဲ့တယ်။အဲ့ဒါကြောင့်လည်းပြည်သူတွေမသိဘဲကာလအတော်ကြာပျောက်ပျက်ခဲ့ရတယ်”
မြန်မာနှစ် ၁၂၄၁ ခုအေဒီ ၁၈၇၉ ခုနှစ်မှာရခိုင်စုရွာကတောလိုက်ဝါသနာပါတဲ့ ဦးဖိုးချွန်းကတောလိုက်ရင်း ဘုရားဟောင်းကြီး ကိုတွေ့ခဲ့လို့မြို့သူမြို့သားများနှင့်ဝိုင်းဝန်းပြီးတော့မွမ်းမံပြင်ဆင်ခဲ့ပြန်တယ်။ ထီးတင်ပွဲမှာ လဲဘူးရွာ တောင်ဘက် ရေချမ်း ရွာသားဦးကျွန်းဟာပန်းရထားကြိုးပြတ်ပြီးသေဆုံးခဲ့တယ်။အဲ့ဒီပွဲမှာအမျိုးသမီးတစ်ယောက်ကိုဝင်ပူးပြီးဦးကျွန်းဖြစ်ကြောင်းပြောခဲ့တယ်။


 
ဘာအလိုရှိလဲလို့မေးတော့သူကဘုရားကြီးကိုစောင့်ရှောက်ပေးမယ်ဆိုတဲ့အကြောင်းတောင်းဆိုသောကြောင့်ယခုတိုင်ရိုးရာအဖြစ်တည်ရှိခဲ့တယ်”ဒီဘုရားအောင်မြေဟာလည်းတောင်ငူမင်းအဆက်ဆက်ထင်ရှားခဲ့တယ် စစ်မထွက်ခင် မင်းတွေဟာ အောင်မြေကိုနင်းပြီးဘုရားဘက်ကိုမျက်နှာမူပြီးတော့ဆုတောင်းခဲ့တဲ့အတွက်ကြောင့်စစ်ပွဲများလည်းအောင်မြင်ခဲ့တယ်”

ဟုပြည့်စုံစွာ ပြောကြား ပေးခဲ့ပါတယ်။

အဲ့ဒီနောက်ကျတော်တို အဖွဲ့ဟာဘုရားကြီး၏ သမိုင်းကိုအလုံးစုံသိရှိပြီးနောက်ဘုရားတစ်ပတ်လှည့်ပတ်ဖူးမြော်ကာ အောင်မြေနင်းပြီး
အမှတ်တရ ဓာတ်ပုံများလည်းရိုက်ခဲ့ကြသေးပါတယ်။


အခါအခွင့်ကြုံလို့တောင်ငူမြို့ကိုရောက်ခဲ့ရင်သမိုင်းဝင်ကောင်းမှုတော်ဘုရားကြီးကိုသူငယ်ချင်းတို့လည်းသွားရောက်ဖူးမြော်ဖို့တိုက်တွန်း ချင် ပါတယ်”။


စာရေးသူ- မပုလဲမွန်၊ မမေသူကျော်
စာစီသူ- မောင်စိုးဥာဏ်မင်း
အကြံပေး- မယဉ်မင်းဝေ
ဓာတ်ပုံ- စည်သူလွင်

No comments:

Post a Comment